ပဲကြီးကျွန်းကျေးရွာ အသေးစားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖွင့်ပွဲ ကျင်းပပြီးစီး

ပဲကြီးကျွန်းကျေးရွာ အသေးစားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖွင့်ပွဲ ကျင်းပပြီးစီး

  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မဟာဓာတ်အားလိုင်းပြင်ပစနစ်ကျေးလက်မီးလင်းရေးလုပ်ငန်းများအနက်မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ပဲကြီးကျွန်းကျေးရွာရှိအသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်စီမံကိန်းအား (၂၃..၂၀၂၂)ရက်နေ့တွင် အဆိုပါကျေးရွာရှိစီမံကိန်းဧရိယာ၌ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။      

      ပဲကြီးကျွန်းကျေးရွာစီမံကိန်းအား တပ်ဆင်အင်အား ဆိုလာစနစ် (၁၃၂) ကီလိုဝပ်နှင့် အရံဒီဇယ်စနစ် (၈၀) ကီလိုဝပ်တို့ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ မီတာခကောက်ယူမှုမှာ Pre-Paid System ဖြင့် မီတာခကောက်ခံသွားမည်ဖြစ်၍ အိမ်သုံး ၁ယူနစ်လျှင် (၃၅၀)ကျပ်၊ လုပ်ငန်းသုံး ၁ယူနစ်လျှင် (၃၅၀)ကျပ်၊ အများပြည်သူသုံး ယူနစ်လျှင် (၃၅၀)ကျပ် (၁၅ ယူနစ်အခမဲ့)ကျသင့်မည်ဖြစ်ပြီး လမ်းမီးအတွက် အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အဆိုပါစီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့ငွေ (၆၀%) လုပ်ငန်းဆောင်ရွက်ခွင့်ရ ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံငွေ (၂၀%) ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေ (၂၀%)တို့ဖြင့် Mega Global Green Co.,Ltd မှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ (၃၉၅) အိမ်၊ ဘာသာရေး ()ခု၊ စာသင်ကျောင်း ()ကျောင်း၊ ဆေးပေးခန်း ()ခုနှင့် လမ်းမီး (၁၁၀)တိုင်တို့မှ လျှပ်စစ်မီးရယူသုံးစွဲနိုင်ပြီဖြစ်ပါသည်။