ဘန့်ဘွေးကုန်းကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား

ဘန့်ဘွေးကုန်းကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ)အရ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာရှိ ဆိုလာအသေးစားဓာတ်အားပေးစနစ်စီမံကိန်းအား ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်၍ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဘန့်ဘွေးကုန်းကျေးရွာ အသေးစားဓာတ်အားပေးစက်ရုံမှ ဆိုလာစနစ် (၁၅၈.၄ ကီလိုဝပ်)၊ အရံဒီဇယ်စနစ် (၆၈ ကီလိုဝပ်) တပ်ဆင်ဆောင်ရွက်ထားရှိပြီး အိမ်ခြေ (၄၀၅)အိမ်၊ ဘုန်းကြီးကျောင်း (၄)ကျောင်း၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဆေးပေးခန်း (၁)ခုတို့အတွက် လျှပ်စစ်မီးအသုံးပြုနိုင်ရန် ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါသည်။ ဘန့်ဘွေးကုန်းကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ်စီမံကိန်းအား Mega Global Green Automation Co.,Ltd မှ တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။